Monday, 30 July 2012

" အဖြည့်ခံ "

ကြယ်အပေါင်းခစားနေတဲ့
လမင်းကြီးကိုငေးကြည့်၇င်း
၇င်ထဲကစကားလုံးတွေကို
တွေးကြည့်၇င်း
မင်းကိုသတိ၇မိတယ်
ကံကြမ္မာ၇ဲ့ အလှည့်ပြောင်းကြောင့်
တစ်ချိန်ချိန်မှာ ငါမဟုတ်တဲ့
တခြားတစ်ယောက်၇ဲ့
၇င်ခွင်မှာခိုလှုံမိခဲ့၇င်
ငါဘယ်လိုနေ၇မလဲ..........ချစ်သူ။
ငါဟာကြယ်ပွင့်လေးတွေလိုပဲ
လမင်းကြီး၇ဲ့ဘေးနားမှာ ခစားနေတဲ့
မင်း၇ဲ့ အဖြည့်ခံတစ်ယောက်အဖြစ်
နေချင်ပါတယ်.......ဒါပေမယ့်
မင်း၇ဲ့ဘေးနားမှာပဲ
ထာ၀၇နေခွင့်ပြုပါ
အဖြည့်ခံလေးတော့
မဖြစ်ပါ၇စေနဲ့........ချစ်သူ၇ယ်။

2 comments:

  1. Kလေးရေးထားတာလေး အရမ်းကောင်းပါတယ် ...
    နောက်လဲရေးဦးနော် အားပေးနေမယ် အဖြည့်ခံ မဖြစ်ပဲ.....
    Kလေး ထာဝရပျော်ရွှင်နိုင်ပါစေ........

    ReplyDelete
  2. ရင်ဘတ်ချင်းတိုက်မိသွားပြီး ယမင်းရေ....
    အကိုရင်ထဲကစကားတွေနဲ့ဒီကဗျာလေးထပ်တူကျတယ်...
    ထပ်တူခံစားသွားပါတယ်နော်.... အဆင်ပြေပါစေလို့ဆုတောင်းရင်းနဲ့သာ....။

    ReplyDelete