ဘ၀ရဲ့ကံကြမ္မာလှိုင်းတွေကြားမှာ
လောကဓံဆိုတဲ့ လှေငယ်လေးကို
လှော်ခတ်ရင်း သမုဒ္ဒရာဝမ်းတစ်ထွာတွက်
မောပန်းရဦးမည်၊၊ ၊၊ ၊၊
ဘ၀တွေမှာ ရှေ့ဆက်ရမဲ့ မနက်ဖြန်တွေ
ရှိတာမို့ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်
သင်္ခါရဆိုတဲ့ ဒီသဘောတရားတွေ
တည်မြဲမူမရှိတာကြောင့် ရှေ့ဆက်နေတဲ့
မနက်ဖြန်လေးတရက်ကို ....
ပိုင်ဆိုင်ရဦးမည်၊၊ ၊၊ ၊၊
လွတ်လက်မူရဲ့ ထွက်ပေါက်ကိုရှာ
စိတ်စေရာ သမုဒရကြိုးတွေနှောင်ရစ်ဆဲ
ရုန်းထွက်ဖို့ခတ်ခဲ သောကရဲ့လမ်းပေါ်မှာ
မသိမသိနဲ့ရှေ့ဆက် ဒီချစ်တွက်....
ပူဆွေးရဦးမည်၊၊ ၊၊ ၊၊
ကျန်ရှိနေသေးတဲ့ ချိန်လေးတွေမှာ
အသိနှင့် သတိကိုလက်ကိုင်ထားကာ
ဘ၀တွက်လျှောက်လှန်းရင်း
တားစီးနေတဲ့ လောကဓံရယ် နင်လားလို့
ပြုံးပြုံးလေးမေးလိုက်ချင်တယ်............
ကြိုးစားပါဦးမည် ''ယမင်းKခိုင်''